အသက် ၂၀-၃၀ နှစ် ခန္ဓာကိုယ်အနေအထားနှင့် ကျန်းမာရေး
01-Mar-2017
ဒီအသက်အရွယ်က အလုပ်များတဲ့အရွယ်ပါ။ ပါတီပွဲတွေ တက်ရောက်ရတာ၊ အိမ်ထောင်ကျပြီးသူတွေက သားသမီးယူဖို့ ပြင်ဆင်ကြတာ၊ တချို့လည်း သားသမီးရယူပြီးလို့ သားသမီးတွေ ထိန်းကျောင်းရတာ၊ လူမှုပေါင်းသင်းဆက်ဆံရေးတွေ လုပ်ဆောင်ရတာနဲ့ ဒီအရွယ်ကတော့ အလုပ်များဆုံးလို့ ဆိုရမှာပါ။ ဒီအရွယ်မှာ စွမ်းအင်အမြင့်ဆုံး လိုအပ်တာကြောင့် ပရိုတင်းကို အဓိကပါဝင်အောင် စားပါ။ ကျန်းမာရေးနှင့် မညီညွတ်တဲ့ အချိုစာတွေ၊ ဆီကြော်စာတွေ၊ ပုံပြောင်းအဆီတွေ စားသုံးတာက နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါတွေကို ဖြစ်ပွားစေပါတယ်။ ဒီအရွယ်မှာ လစဉ်ရာသီသွေးဆင်းတာကြောင့် သံဓာတ်ချို့တဲ့တာ ဖြစ်ပေါ်တတ်ပါတယ်။
စားသုံးသင့်သော အစားအစာ
ငှက်ပျောသီး
မဂ္ဂနီဆီယမ်များစွာ ပါဝင်ပြီး ဓမ္မတာမလာမီ ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။
လိမ္မော်သီး
ဗီတာမင်စီ အပြည့်အဝ ရရှိနိုင်ပြီး အရိုး၊ အရိုးနု၊ ကြွက်သား၊ သွေးကြောတွေအတွက် လိုအပ်တဲ့ ကိုလာဂျင်ဖြစ်ပေါ်စေဖို့ အားပေးကူပါတယ်
ဟင်းနုနယ်
ဖောလိတ်များစွာရရှိနိုင်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်ဖြစ်တာကြောင့် အမျိုးသမီးတွေ ဒီအရွယ်မှာ အစားသင့်ဆုံးပါ။
အဆီများသောငါး
လတ်လတ်ဆတ်ဆတ် ရနိုင်တာဖြစ်စေ၊ ငါးသေတ္တာဗူးဖြစ်စေ စားသုံးနိုင်ပါတယ်။
ဒိန်ချဉ်
ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီကို ရရှိစေပြီး အသက်ကြီးလာချိန်မှာ အရိုးပါးရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
ပရိုတင်း
ပရိုတင်းဓာတ်ရရှိစေဖို့ ကြက်သားနဲ့ အဆီဖယ်ထားတဲ့ အမဲသားစားပါ။
ကောက်နှံတစ်ခုလုံးကွေကာ
ကောက်နှံတစ်ခုလုံးပါဝင်စာကို စားသုံးတာက ဆာလောင်မှုကို လျော့နည်းစေပြီးသွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေပါတယ်။
ရှောင်ကြဉ်သင့်သော အမှားများ
(၁) ကော်ဖီ၊ အချိုရည်၊ အရက်စတာတွေကို အလွန်အကျွံမသောက်ပါနဲ့။ ခန္ဓာကိုယ်အတွက် အာဟာရရရှိမှုနဲ့ ကယ်လ်စီယမ် စုပ်ယူမှုကို အဟန့်အတားဖြစ်စေတာကြောင့်ပါ။
(၂) အစားအသောက်ကို နပ်ကျော်ပြီးစားတာ၊ တစ်ကြိမ်တည်း အလွန်အကျွံစားသုံးတာတွေ ရှောင်ပါ။ သွေးတွင်းသကြားဓာတ်ကို အပြောင်းအလဲများစေလို့ပါ။
(၃) ကိုယ်အလေးချိန်လျှော့ချဖို့ အစာမစားဘဲနေတာ၊ အစာကို အလွန်အကျွံရှောင်တာမျိုးတွေ မလုပ်ပါနဲ့။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, December 2013, Pg. 18